စူပါမော်ဒယ်လ်လေးရဲ့ ခေတ်မီ ဆန်းသစ်လွန်းတဲ့ အတွေ့အကြုံလေးတွေ......
ဇေယျသီရိ တက္ကသိုလ် မှာ လက် ထောက် ပါမောက္ခ ဟန်နရီ ရာဇ ဝင် ဘာသာ ရပ်ကို လာပြ နေသည် မှာ ဆယ်စုနှစ် တစ်ခုနီးပါး ကြာမြင့် ခဲ့ပြီ ။ ပရော် ဖက်ဆာဟု ဆိုသော် လည်း ဟန်နရီ မှာ အ သက် (၃၀) ကျော်ကျော် (၄၀) မပြည့် သေး ၊ အသက် က ငယ်ငယ် အားကစား လိုက်စားသူ ဖြစ်၍ ဗလ တောင့်တောင့် ၊ ပါးသိုင်းမွှေး ခပ်ရေးရေး နှင့် ဟန်နရီ မှာ ကျောင်း ဆ ရာ နှင့် မတူပဲ ဘိုင်စကုပ် ဓာတ်ရှင် မင်းသား နှင့် ပိုတူနေ သည် ။ အမှီ အခိုမရှိ ၊ လူပျို လူလွတ် မို့ ရသည့် လခက လောက် ငရုံမက ပိုလျှံ သည်ဟု ဆိုရ မည် ၊ သို့သော် လည်း ဝါသနာအလျှောက် ဓာတ်ပုံ တိုက် နှင့် ပန်းချီ သင်တန်း ဖွင့်ထား သေးသည်။တကိုယ်တည်း သမားမို့ တိုက်ခန်းသီးသန့် ငှားမနေတော့ပဲ ဓာတ်ပုံတိုက်တွင်ပင် ဟန်နရီ နေသည်။ ရုံးခန်းထဲမှာ သူရိယ သတင်းစာကို ဟိုလှန်ဒီလှန် လုပ်နေစဉ် တံခါးခေါက်သံကြားရသဖြင့် ဟန်နရီ တံခါးပေါက်ဆီသို့ ထသွားရသည်။ သမိုင်းပါမောက္ခပီပီ ရှေးခေတ် ဗမာစာအပြင် ခေတ်သုံး ဗမာစာကိုပါ ရေးတတ်၊ ဖတ်တတ်သည့် ဟန်နရီမှာ ဇေယျသီရိမှာ အနေကြာသဖြင့် ဗမာစကားကိုလဲ ပီပီသသမဟုတ်တောင် အတော်ကျွမ်းကျွမ်းကျင်ကျင် ပြောတတ်နေပြီ။ တံခါးကို ဖွင့်လိုက်တော့ ဒုတိယနှစ် ဥပဒေ ကျောင်းသူ မကလျာဝေ၊ ကုန်သည်က...